095019658 info@maxtorcurtain.com
Free Delivery in Yangon
10% OFF use code WELCOME10 — New customer 10% off (until 2026-11-22) 10% OFF use code WELCOME10 — New customer 10% off (until 2026-11-22)

🎇🎇Happy Diwali......... ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ဟာ ဒီပါဝလီနေ့လို့ လူသိများတဲ့ ဒီဝါလီဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ထူးမြတ်တဲ့ မီးထွန်းပွဲတော်နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သီတင်းကျွတ်ပ…

🎇🎇Happy Diwali.........

ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ဟာ ဒီပါဝလီနေ့လို့
လူသိများတဲ့ ဒီဝါလီဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ထူးမြတ်တဲ့ မီးထွန်းပွဲတော်နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သီတင်းကျွတ်ပွဲတော်လိုပဲ နှစ်စဥ်နှစ်တိုင်း ဆောင်းဦးအချိန်အခါမှာ ကျင်းပပြုလုပ်ပြီး ဆီမီးပူဇော်ကြပါတယ်။

(ဒီပ = ဆီမီး + ဝလီ = ထွန်းညှိခြင်း) ဖြစ်ပြီး၊ ဒီပါဝလီ = ဆီမီးထွန်းညှိပူဇော်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ၎င်းပွဲတော်ကျင်းပတဲ့ကာလမှာ ဘုရားကျောင်း၊ လူနေအိမ်၊ စျေးဆိုင်နဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေမှာ ဆီမီးတွေကို လှပစွာထွန်းညှိပူဇော်ကြပါတယ်။

ဆီမီးပူဇော်ခြင်းဖြင့် အမှောင်ကို အလင်းနဲ့ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့တွေရှိနေခဲ့ရင်လည်း ကောင်းတာတွေဖြစ်လာဖို့၊ လက်မှိုင်ချနေရတဲ့အခြေအနေတွေမှာ မျှော်လင့်ချက်တွေရရှိလာစေဖို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆီမီးပူဇော်ကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် ယနေ့ကျရောက်တဲ့ ထူးမြတ်တဲ့ ဒီပါဝလီနေ့မှာ ကံကောင်းခြင်းများစွာနဲ့ ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေကြောင်း ကျွန်တော်တို့ Maxtor မိသားစုမှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်ရှင်....

#happydiwali2022
#festivaloflights
#maxtor

View on Facebook

← Back to Blog Book Appointment

Related

AI Assistant✕
မင်္ဂလာပါ! Curtain / appointment / branch အကြောင်း မေးနိုင်ပါတယ်။